ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, November 7, 2016

ကုိယ္တိုင္တတ္မွ အမ်ားအတြက္ “ ပညာ ”

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ခရီးတစ္ခုကိုေရာက္တုိင္း သူငယ္ခ်င္းေတြကေမးၾကတယ္ “ ဒီေနရာကိုမင္းဘယ္လိုထင္သလဲ? ” တဲ႕။ ကြ်န္ေတာ္ဘယ္လိုမွမထင္ပါ။ ဒါေပမယ္႕ မတူတဲ႕အျမင္ေတြကေတာ႕ ရွိေနတာ အမွန္ပါပဲ။ ဒါကိုလည္း ထင္တုိင္း ျမင္တိုင္း ရမ္းသမ္းေျပာရတာမ်ိဳးထက္စာရင္ ကြ်န္ေတာ္ေရာက္ဖူးျပီး တစ္ျခားမိတ္ေဆြေတြမေရာက္ဖူးတဲ႕ေနရာေတြနဲ႕ ႏိႈင္းျပတာကမွ အမ်ားအတြက္ ပညာတတ္ျခင္း - Educated ျဖစ္တယ္လို႕ ယူဆမိပါတယ္။
.
ဥပမာ - တစ္ခါတုန္းကရန္ကုန္ေလဆိပ္ကိုေရာက္တဲ႕အခါ ကြ်န္ေတာ္သန္႕စင္ခန္းသြားပါတယ္။ အထဲမွာ ကာကီေရာင္ယူနီေဖာင္းဝတ္ထားတဲ႕ ဝန္ထမ္းတစ္ေယာက္ကို ေစာင္႕လ်က္သားေတြ႕ရတယ္။ လူတစ္ေယာက္ကိစၥျပီးသြားတုိင္း လူငယ္ဝန္ထမ္းေလးက ဝန္ေဆာင္မႈေပးရပါတယ္။ ဒီတာဝန္ကုိ သူ႕ရဲ႕တစ္ရက္ ( ၈ ) နာရီစာ၊ ( ၁ဝ ) နာရီစာ အလုပ္ဆိုျပီးေပးထားပံုပါပဲ။
.
အခုဒီတစ္ေခါက္ ရန္ကုန္က Oriental House မွာ မနက္စာသြားစားတုန္းက အလားတူဝန္ေဆာင္မႈေပးတဲ႕ ပုဆိုး နဲ႕ ရွပ္အက်ီၤဝတ္ဝန္ထမ္းလူငယ္ေလးတစ္ေယာက္ကိုေတြ႕ရျပန္ပါတယ္။ သူလည္းပဲ စားသံုးသူတစ္ေယာက္ေရအိမ္ကိစၥျပီးတဲ႕အခါ ေရေႏြးနဲ႕သန္႕စင္ထားတဲ႕သဘက္စအျဖဴကို ညွပ္နဲ႕ညွပ္ျပီး မ်က္ႏွာသစ္ Basin ေပၚကိုလာခ်ေပးပါတယ္။

.
.
ဒီအလုပ္ကုိလုပ္ရတဲ႕ ဝန္ထမ္း ( ၂ ) ေယာက္ရဲ႕ဝန္ေဆာင္မႈ နဲ႕ သူတို႕ရဲ႕ထြက္ကုန္ - Product ( or ) Output ကို စဥ္းစားၾကည္႕မိတယ္။ သူတစ္ဦးတစ္ေယာက္ခႏၶာကိုယ္က အညစ္အေၾကးစြန္႕ျပီးသြားတုိင္း ကိုယ္တိုင္ကုိယ္က်ေစာင္႕ဆိုင္းျပီး လုိအပ္တဲ႕ပစၥည္းပစၥယတစ္ခုခုကုိယူေဆာင္ေပးရသလို သံုးျပီးသြားတဲ႕ေရဘံုပုိင္၊ လက္ေဆးစင္ေတြကို တစ္ေယာက္ျပီးတိုင္း တစ္ခါရွင္းလင္းေပးေနရတယ္။ ေမးခြန္းေတြထဲက “ ဘယ္သူဒီအလုပ္ကိုလုပ္ခ်င္ပါသလဲ? ” နဲ႕ “ ဒီလိုသန္႕ရွင္းေပးတာ ထိေရာက္ပါသလား? ” ဆိုတာေတြကုိ ေတြးၾကည္႕ရေအာင္ပါ။
.
ဒီလို ဝန္ေဆာင္မႈမ်ိဳးကို ကြ်န္ေတာ္ ( ၂ဝ၁၂ ) ခုႏွစ္ ျမန္မာႏိုင္ငံျပန္တုန္း Singapore Airlines စီးတုန္းက စကၤာပူေလဆိပ္မွာ အလားတူၾကံဳဖူးတယ္။ အဲဒီတုန္းက ေရအိမ္ကိစၥျပီးလို႕ ထုိင္ေစာင္႕ေနတာမ်ိဳးမဟုတ္ပဲ သန္႕စင္ခန္းအလီလီကို အဲဒီဝန္ထမ္းက အလွည္႕က်ဝင္ေရာက္ျပီး သန္႕ရွင္းေရးဝင္လုပ္ေနတာမ်ိဳးျဖစ္ပါတယ္။
.
သူ႕မွာ ကိစၥျပီးသူကုိေစာင္႕ျပီး ဟိုဟာယူေပး ဒီဟာယူေပးမလုပ္ရသလို ေနာက္လူလာရင္သပ္ရပ္လွပေအာင္ ဝန္ေဆာင္မႈေပးရတာျဖစ္လုိ႕ တစ္ဦးတစ္ေယာက္ကုိရည္ရြယ္တဲ႕ဝန္ေဆာင္မႈမ်ိဳးမဟုတ္ပဲ အမ်ားကိုလႊမ္းျခံဳတဲ႕ Overall Janitoring ျဖစ္ပါတယ္။
.
.
ဒါဆိုရင္ ရန္ကုန္ေလဆိပ္က လုပ္အားခေစ်းေပါလို႕ ဝန္ထမ္းပိုခန္႕ထားတယ္လို႕ တြက္ဆလို႕ရပါသလား? .. မဟုတ္ပါဘူး။ အင္အားကိုျဖဳန္းတီးေနတာျဖစ္သလုိ လူတစ္ေယာက္ကိစၥျပီးတုိင္း က်တဲ႕အမိႈက္လုိက္ေကာက္ေပးေနတာဟာ အဲဒီႏိုင္ငံသားတစ္ေယာက္ရဲ႕ တာဝန္သိစိတ္ - Responsibility ကို လ်စ္လ်ဴရႈလုိက္တာပဲ ျဖစ္ပါတယ္။
.
ဒီလုိဆိုလိုက္ေတာ႕ စကၤာပူေလဆိပ္ကဝန္ထမ္းကေရာ ဘယ္ေလာက္ဂရုစိုက္ပါသလဲ? သူက ဘာကိုမွဂရုမစုိက္ပါဘူး။ သူ႕အလုပ္ကိုသာ သူလုပ္ပါတယ္။ အိမ္သာထဲမွာလည္း ဘယ္သူ႕ကိုမွ ထုိင္မေစာင္႕ေနပါဘူး။ ေလဆိပ္တစ္ခုလံုးကိုပတ္သြားျပီး သူ႕အလုပ္ျပီးေအာင္သာ ပတ္ခ်ာလည္လုပ္ပါတယ္။ သုိ႕ေသာ္လည္း ရန္ကုန္ေလဆိပ္က ပိုသန္႕သလား? စကၤာပူေလဆိပ္ကပိုသန္႕သလား? ဆိုတာ စာဖတ္သူပိုသိပါလိမ္႕မယ္။
.
.
ေသေသခ်ာခ်ာသံုးသပ္လုိက္ေတာ႕ ပညာတတ္ေစျခင္း - Educated Factor နဲ႕ အသိပညာၾကြယ္ဝျခင္း - Wisdom တုိ႕ အျပင္ ကိုယ္ခ်င္းစာတရား - Courtesy ဆိုတဲ႕အရာေတြ လူတစ္ဦးခ်င္းတစ္ေယာက္ခ်င္းစီမွာ ရွိမရွိဆိုတာက ဒီေနရာမွာ အေျဖေပးသြားပါတယ္။
.
တစ္ေယာက္ကိစၥျပီးတိုင္းဝန္ေဆာင္မႈေပးလို႕ကေတာ႕ ကြ်န္ေတာ္ဆုိလည္း အားနာရေကာင္းမွန္းမသိပဲ ေရသာခိုအေခ်ာင္လိုက္ ေက်နပ္ေနမိမွာပါပဲ။
.
.
အမိႈက္ကုိပံုးထဲမပစ္လဲေကာက္ေပးမယ္႕သူရွိေနတဲ႕အခါ ကြ်န္ေတာ္ဟာ ပံုးထဲေရာက္ေအာင္ပစ္ဖို႕၊ ပံုးရွာပစ္ဖို႕ အားမထုတ္ခ်င္ေလာက္ေအာင္ ပ်င္းရိသြားမွာေသခ်ာပါတယ္။
.
ဒီအခါမွာ ကြ်န္ေတာ္ဟာ ႏိုင္ငံသားတစ္ေယာက္ကိုကူညီရမယ္႕အစား သူ႕လုပ္အားေၾကာင္႕ ႏုိင္ငံဂုဏ္ရည္တုိးတက္ေစမႈတစ္ခုခုကို လ်စ္လ်ဴရႈမိလ်က္သားျဖစ္ျခင္းမလွ ျဖစ္သြားရပါျပီ။
.
.
စကၤာပူသန္႕ရွင္းတာ အေၾကာင္းမဲ႕မဟုတ္ပါဘူး။ လူေတြကို အမိႈက္ဘယ္လုိပစ္ရမယ္ဆုိတဲ႕ ပညာေရး - Education ကို ငယ္ငယ္ေလးကတည္းက ေပးထားပါတယ္။
.
ဒါေၾကာင္႕ စာသင္ခန္းထဲကထြက္လာတဲ႕ကေလးကေန လုပ္ငန္းခြင္ဝင္လာတဲ႕လူငယ္လူရြယ္ေတြအထိ အသိပညာ - Wisdom ရွိလာပါတယ္။
.
ပုိေကာင္းတဲ႕အခ်က္က “ ငါ တက္ျပီးသြားတဲ႕အိမ္သာကို ညစ္ပတ္ေအာင္ထားခဲ႕ရင္ ေနာက္လူဘယ္လိုတက္မလဲ ” ဆိုတဲ႕ ကုိယ္ခ်င္းစာတရား - Courtesy ပဲ ျဖစ္ပါတယ္။
.
ဒါေၾကာင္႕ E+W+C သံုးခုလံုးျပည္႕စံုတဲ႕ စကၤာပူက ရန္ကုန္ေလဆိပ္ထက္သန္႕ရွင္းတယ္လုိ႕ သက္ေသျပခ်င္တာက ဒီေဆာင္းပါးရဲ႕ရည္ရြယ္ခ်က္ဆိုရင္ ပုိမွန္ပါတယ္။
.
.
လူအင္အားနဲ႕စဥ္းစားရင္ ရန္ကုန္ေလဆိပ္က သန္႕ရွင္းေရးလုပ္သားပိုမ်ားေပမယ္႕ အလုပ္ျဖစ္တဲ႕ေနရာမွာ စကၤာပူကို မမွီပါဘူး။ လုပ္အားခကိုထည္႕မစဥ္းစားဘူးဆိုရင္ သန္႕ရွင္းေရးလုပ္သား - Janitor တုိ႕ရဲ႕ထြက္ကုန္ခ်င္းယွဥ္ရင္ စကၤာပူဝန္ထမ္းရဲ႕ထြက္ကုန္က ျမန္မာထက္ ရလဒ္ပိုေကာင္းတယ္လို႕ ေျပာျပခ်င္တာပါ။
.
အဓိက က အထက္ကေျပာခဲ႕သလို ဝန္ေဆာင္မႈေပးရင္း အသိပညာကုိ တစ္ပါတည္းေပးသြားတဲ႕အခါ ကေလးထိန္းသလို အလီလီအခါခါ လိုက္လုပ္ေပးစရာမလုိေတာ႕တဲ႕အေနအထားကို မီးေမာင္းထုိးျပခ်င္တာ ျဖစ္ပါတယ္။
.
.
ကဲ .. ကြ်န္ေတာ္ေရာက္ဖူးတဲ႕ အေမရိကားက အိမ္သာေတြမွာ စကၤာပူထက္ေကာင္းတဲ႕ပစၥည္းေတြသံုးေပမယ္႕ စကၤာပူထက္ ညစ္ပတ္တဲ႕သန္႕စင္ခန္းေတြ မၾကာခဏၾကံဳဖူးပါတယ္။ “ နည္းပညာျမင္႕ေပမယ္႕ စိတ္ဓါတ္မျမင္႕တဲ႕လူေတြက အေမရိကားမွာ အမ်ားၾကီးပါ ”
.
တစ္ခ်ိဳ႕ေနရာေတြမွာေတာ႕ လိုက္နာသူမ်ားတာ နဲ႕ နည္းတာအေပၚမွာ စကားေျပာသြားပါတယ္။ ပိုဆိုးတဲ႕အေမရိကားမွာ ေရဆြဲခ်ခလုပ္ကိုေျခေထာက္နဲ႕ခ်ိတ္ျပီးဖြင္႕ခ်ရတာတို႕၊ အိမ္သာတံခါးကုိရြံလို႕ စကၠဴခံျပီးကိုင္ရတာတုိ႕၊ လက္ေဆးစင္ဘံုပိုင္ခလုပ္ကို စကၠဴခံျပီးပိတ္ရတာတုိ႕၊ အနံ႕အသက္ဆိုးလို႕ တံေတြးမၾကာခဏေထြးရတာတုိ႕ေတြ႕ရတဲ႕အခါ သူတုိ႕ကို စကၠဴပံုးနဲ႕ပါကင္ထုတ္ျပီးစကၤာပူပို႕ခ်င္တဲ႕စိတ္ မၾကာခဏေပၚမိတယ္။
.
.
အေၾကာင္းရင္းစစ္ေတာ႕ အမ်ားသံုးေနရာ႒ာနသန္႕ရွင္းေရးဟာ တစ္ကုိယ္ေရသန္႕ရွင္းေရးအတြက္ အသိပညာေပးေရး - Education ကေန အေျခတည္ခဲ႕တယ္ဆိုတာကုိ ေတြ႕လာရတယ္။
.
ဒါေၾကာင္႕ မိတ္ေဆြ ကိုယ္႕မီးဖိုေခ်ာင္ကို ဘယ္လုိသန္႕ရွင္းေအာင္ထားသလဲဆိုတာ စားေသာက္ဆိုင္သြားရင္ သူမ်ားေတြက မိတ္ေဆြကိုေလ႕လာမိသြားပါလိမ္႕မယ္။
.
.
မိတ္ေဆြအိမ္က အိမ္သာကုိဘယ္လိုသံုးစြဲတယ္ဆုိတာ အမ်ားသံုးသန္႕စင္ခန္းေတြသြားရင္ သူငယ္ခ်င္းေတြက မိတ္ေဆြကို ဆန္းစစ္သြားပါလိမ္႕မယ္။
.
မိတ္ေဆြ အိပ္ယာထလို႕ ဘယ္လို ( ျခင္ေထာင္သိမ္း ) ေစာင္ေခါက္တယ္ဆုိတာကို အမ်ိဳးေတြနဲ႕ အတူတူခရီးသြား၊ တည္းခုိခန္း ေဟာ္တယ္ေတြမွာအိပ္တဲ႕အခါ မိတ္ေဆြကို အကဲျဖတ္သြားပါလိမ္႕မယ္။
.
.
ဒီနည္းနာကိုယူျပီး မိမိကုိယ္မိမိ အၾကိမ္ၾကိမ္အခါခါ ဆန္းစစ္ျခင္းအားျဖင္႕ “ တစ္ကုိယ္ေရမွ အမ်ားသံုးဆီသို႕ ” သန္႕ရွင္းစြာေနထုိင္တတ္ျခင္းကိုေလ႕က်င္႕ႏုိင္သလို ဝန္ေဆာင္မႈေကာင္းတဲ႕ ျပည္႕သားေကာင္းတစ္ေယာက္ျဖစ္ႏိုင္ရံုမက ႏုိင္ငံရဲ႕မလိုလားအပ္တဲ႕ ဝန္ထမ္းအင္အားျဖဳန္းတီးမႈကို တားဆီးႏိုင္မွာျဖစ္တဲ႕အေၾကာင္း က်ိဳးႏြံစြာ တင္ျပလိုက္ရပါတယ္။
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
Boeing 777 ေလယာဥ္ေပၚတြင္ေရး၍  T-Mobile HotSpot Pass Internet ျဖင္႕ ပို႕စ္ တင္ပါသည္။
11-07-2016
.
.
.
Unicode Version:
.
.
“ ကိုယ်တိုင်တတ်မှ အများအတွက် “ ပညာ ”  ”
.
ခရီးတစ်ခုကိုရောက်တိုင်း သူငယ်ချင်းတွေကမေးကြတယ် “ ဒီနေရာကိုမင်းဘယ်လိုထင်သလဲ? ” တဲ့။ ကျွန်တော်ဘယ်လိုမှမထင်ပါ။ ဒါပေမယ့် မတူတဲ့အမြင်တွေကတော့ ရှိနေတာ အမှန်ပါပဲ။ ဒါကိုလည်း ထင်တိုင်း မြင်တိုင်း ရမ်းသမ်းပြောရတာမျိုးထက်စာရင် ကျွန်တော်ရောက်ဖူးပြီး တစ်ခြားမိတ်ဆွေတွေမရောက်ဖူးတဲ့နေရာတွေနဲ့ နှိုင်းပြတာကမှ အများအတွက် ပညာတတ်ခြင်း - Educated ဖြစ်တယ်လို့ ယူဆမိပါတယ်။
.
ဥပမာ - တစ်ခါတုန်းကရန်ကုန်လေဆိပ်ကိုရောက်တဲ့အခါ ကျွန်တော်သန့်စင်ခန်းသွားပါတယ်။ အထဲမှာ ကာကီရောင်ယူနီဖောင်းဝတ်ထားတဲ့ ဝန်ထမ်းတစ်ယောက်ကို စောင့်လျက်သားတွေ့ရတယ်။ လူတစ်ယောက်ကိစ္စပြီးသွားတိုင်း လူငယ်ဝန်ထမ်းလေးက ဝန်ဆောင်မှုပေးရပါတယ်။ ဒီတာဝန်ကို သူ့ရဲ့တစ်ရက် ( ၈ ) နာရီစာ၊ ( ၁ဝ ) နာရီစာ အလုပ်ဆိုပြီးပေးထားပုံပါပဲ။
.
အခုဒီတစ်ခေါက် ရန်ကုန်က Oriental House မှာ မနက်စာသွားစားတုန်းက အလားတူဝန်ဆောင်မှုပေးတဲ့ ပုဆိုး နဲ့ ရှပ်အကျီၤဝတ်ဝန်ထမ်းလူငယ်လေးတစ်ယောက်ကိုတွေ့ရပြန်ပါတယ်။ သူလည်းပဲ စားသုံးသူတစ်ယောက်ရေအိမ်ကိစ္စပြီးတဲ့အခါ ရေနွေးနဲ့သန့်စင်ထားတဲ့သဘက်စအဖြူကို ညှပ်နဲ့ညှပ်ပြီး မျက်နှာသစ် Basin ပေါ်ကိုလာချပေးပါတယ်။
.
.
ဒီအလုပ်ကိုလုပ်ရတဲ့ ဝန်ထမ်း ( ၂ ) ယောက်ရဲ့ဝန်ဆောင်မှု နဲ့ သူတို့ရဲ့ထွက်ကုန် - Product ( or ) Output ကို စဉ်းစားကြည့်မိတယ်။ သူတစ်ဦးတစ်ယောက်ခန္ဓာကိုယ်က အညစ်အကြေးစွန့်ပြီးသွားတိုင်း ကိုယ်တိုင်ကိုယ်ကျစောင့်ဆိုင်းပြီး လိုအပ်တဲ့ပစ္စည်းပစ္စယတစ်ခုခုကိုယူဆောင်ပေးရသလို သုံးပြီးသွားတဲ့ရေဘုံပိုင်၊ လက်ဆေးစင်တွေကို တစ်ယောက်ပြီးတိုင်း တစ်ခါရှင်းလင်းပေးနေရတယ်။ မေးခွန်းတွေထဲက “ ဘယ်သူဒီအလုပ်ကိုလုပ်ချင်ပါသလဲ? ” နဲ့ “ ဒီလိုသန့်ရှင်းပေးတာ ထိရောက်ပါသလား? ” ဆိုတာတွေကို တွေးကြည့်ရအောင်ပါ။
.
ဒီလို ဝန်ဆောင်မှုမျိုးကို ကျွန်တော် ( ၂ဝ၁၂ ) ခုနှစ် မြန်မာနိုင်ငံပြန်တုန်း Singapore Airlines စီးတုန်းက စင်္ကာပူလေဆိပ်မှာ အလားတူကြုံဖူးတယ်။ အဲဒီတုန်းက ရေအိမ်ကိစ္စပြီးလို့ ထိုင်စောင့်နေတာမျိုးမဟုတ်ပဲ သန့်စင်ခန်းအလီလီကို အဲဒီဝန်ထမ်းက အလှည့်ကျဝင်ရောက်ပြီး သန့်ရှင်းရေးဝင်လုပ်နေတာမျိုးဖြစ်ပါတယ်။
.
သူ့မှာ ကိစ္စပြီးသူကိုစောင့်ပြီး ဟိုဟာယူပေး ဒီဟာယူပေးမလုပ်ရသလို နောက်လူလာရင်သပ်ရပ်လှပအောင် ဝန်ဆောင်မှုပေးရတာဖြစ်လို့ တစ်ဦးတစ်ယောက်ကိုရည်ရွယ်တဲ့ဝန်ဆောင်မှုမျိုးမဟုတ်ပဲ အများကိုလွှမ်းခြုံတဲ့ Overall Janitoring ဖြစ်ပါတယ်။
.
.
ဒါဆိုရင် ရန်ကုန်လေဆိပ်က လုပ်အားခဈေးပေါလို့ ဝန်ထမ်းပိုခန့်ထားတယ်လို့ တွက်ဆလို့ရပါသလား? .. မဟုတ်ပါဘူး။ အင်အားကိုဖြုန်းတီးနေတာဖြစ်သလို လူတစ်ယောက်ကိစ္စပြီးတိုင်း ကျတဲ့အမှိုက်လိုက်ကောက်ပေးနေတာဟာ အဲဒီနိုင်ငံသားတစ်ယောက်ရဲ့ တာဝန်သိစိတ် - Responsibility ကို လျစ်လျူရှုလိုက်တာပဲ ဖြစ်ပါတယ်။
.
ဒီလိုဆိုလိုက်တော့ စင်္ကာပူလေဆိပ်ကဝန်ထမ်းကရော ဘယ်လောက်ဂရုစိုက်ပါသလဲ? သူက ဘာကိုမှဂရုမစိုက်ပါဘူး။ သူ့အလုပ်ကိုသာ သူလုပ်ပါတယ်။ အိမ်သာထဲမှာလည်း ဘယ်သူ့ကိုမှ ထိုင်မစောင့်နေပါဘူး။ လေဆိပ်တစ်ခုလုံးကိုပတ်သွားပြီး သူ့အလုပ်ပြီးအောင်သာ ပတ်ချာလည်လုပ်ပါတယ်။ သို့သော်လည်း ရန်ကုန်လေဆိပ်က ပိုသန့်သလား? စင်္ကာပူလေဆိပ်ကပိုသန့်သလား? ဆိုတာ စာဖတ်သူပိုသိပါလိမ့်မယ်။
.
.
သေသေချာချာသုံးသပ်လိုက်တော့ ပညာတတ်စေခြင်း - Educated Factor နဲ့ အသိပညာကြွယ်ဝခြင်း - Wisdom တို့ အပြင် ကိုယ်ချင်းစာတရား - Courtesy ဆိုတဲ့အရာတွေ လူတစ်ဦးချင်းတစ်ယောက်ချင်းစီမှာ ရှိမရှိဆိုတာက ဒီနေရာမှာ အဖြေပေးသွားပါတယ်။
.
တစ်ယောက်ကိစ္စပြီးတိုင်းဝန်ဆောင်မှုပေးလို့ကတော့ ကျွန်တော်ဆိုလည်း အားနာရကောင်းမှန်းမသိပဲ ရေသာခိုအချောင်လိုက် ကျေနပ်နေမိမှာပါပဲ။
.
.
အမှိုက်ကိုပုံးထဲမပစ်လဲကောက်ပေးမယ့်သူရှိနေတဲ့အခါ ကျွန်တော်ဟာ ပုံးထဲရောက်အောင်ပစ်ဖို့၊ ပုံးရှာပစ်ဖို့ အားမထုတ်ချင်လောက်အောင် ပျင်းရိသွားမှာသေချာပါတယ်။
.
ဒီအခါမှာ ကျွန်တော်ဟာ နိုင်ငံသားတစ်ယောက်ကိုကူညီရမယ့်အစား သူ့လုပ်အားကြောင့် နိုင်ငံဂုဏ်ရည်တိုးတက်စေမှုတစ်ခုခုကို လျစ်လျူရှုမိလျက်သားဖြစ်ခြင်းမလှ ဖြစ်သွားရပါပြီ။
.
.
စင်္ကာပူသန့်ရှင်းတာ အကြောင်းမဲ့မဟုတ်ပါဘူး။ လူတွေကို အမှိုက်ဘယ်လိုပစ်ရမယ်ဆိုတဲ့ ပညာရေး - Education ကို ငယ်ငယ်လေးကတည်းက ပေးထားပါတယ်။
.
ဒါကြောင့် စာသင်ခန်းထဲကထွက်လာတဲ့ကလေးကနေ လုပ်ငန်းခွင်ဝင်လာတဲ့လူငယ်လူရွယ်တွေအထိ အသိပညာ - Wisdom ရှိလာပါတယ်။
.
ပိုကောင်းတဲ့အချက်က “ ငါ တက်ပြီးသွားတဲ့အိမ်သာကို ညစ်ပတ်အောင်ထားခဲ့ရင် နောက်လူဘယ်လိုတက်မလဲ ” ဆိုတဲ့ ကိုယ်ချင်းစာတရား - Courtesy ပဲ ဖြစ်ပါတယ်။
.
ဒါကြောင့် E+W+C သုံးခုလုံးပြည့်စုံတဲ့ စင်္ကာပူက ရန်ကုန်လေဆိပ်ထက်သန့်ရှင်းတယ်လို့ သက်သေပြချင်တာက ဒီဆောင်းပါးရဲ့ရည်ရွယ်ချက်ဆိုရင် ပိုမှန်ပါတယ်။
.
.
လူအင်အားနဲ့စဉ်းစားရင် ရန်ကုန်လေဆိပ်က သန့်ရှင်းရေးလုပ်သားပိုများပေမယ့် အလုပ်ဖြစ်တဲ့နေရာမှာ စင်္ကာပူကို မမှီပါဘူး။ လုပ်အားခကိုထည့်မစဉ်းစားဘူးဆိုရင် သန့်ရှင်းရေးလုပ်သား - Janitor တို့ရဲ့ထွက်ကုန်ချင်းယှဉ်ရင် စင်္ကာပူဝန်ထမ်းရဲ့ထွက်ကုန်က မြန်မာထက် ရလဒ်ပိုကောင်းတယ်လို့ ပြောပြချင်တာပါ။
.
အဓိက က အထက်ကပြောခဲ့သလို ဝန်ဆောင်မှုပေးရင်း အသိပညာကို တစ်ပါတည်းပေးသွားတဲ့အခါ ကလေးထိန်းသလို အလီလီအခါခါ လိုက်လုပ်ပေးစရာမလိုတော့တဲ့အနေအထားကို မီးမောင်းထိုးပြချင်တာ ဖြစ်ပါတယ်။
.
.
ကဲ .. ကျွန်တော်ရောက်ဖူးတဲ့ အမေရိကားက အိမ်သာတွေမှာ စင်္ကာပူထက်ကောင်းတဲ့ပစ္စည်းတွေသုံးပေမယ့် စင်္ကာပူထက် ညစ်ပတ်တဲ့သန့်စင်ခန်းတွေ မကြာခဏကြုံဖူးပါတယ်။ “ နည်းပညာမြင့်ပေမယ့် စိတ်ဓါတ်မမြင့်တဲ့လူတွေက အမေရိကားမှာ အများကြီးပါ ”
.
တစ်ချို့နေရာတွေမှာတော့ လိုက်နာသူများတာ နဲ့ နည်းတာအပေါ်မှာ စကားပြောသွားပါတယ်။ ပိုဆိုးတဲ့အမေရိကားမှာ ရေဆွဲချခလုပ်ကိုခြေထောက်နဲ့ချိတ်ပြီးဖွင့်ချရတာတို့၊ အိမ်သာတံခါးကိုရွံလို့ စက္ကူခံပြီးကိုင်ရတာတို့၊ လက်ဆေးစင်ဘုံပိုင်ခလုပ်ကို စက္ကူခံပြီးပိတ်ရတာတို့၊ အနံ့အသက်ဆိုးလို့ တံတွေးမကြာခဏထွေးရတာတို့တွေ့ရတဲ့အခါ သူတို့ကို စက္ကူပုံးနဲ့ပါကင်ထုတ်ပြီးစင်္ကာပူပို့ချင်တဲ့စိတ် မကြာခဏပေါ်မိတယ်။
.
.
အကြောင်းရင်းစစ်တော့ အများသုံးနေရာဋ္ဌာနသန့်ရှင်းရေးဟာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသိပညာပေးရေး - Education ကနေ အခြေတည်ခဲ့တယ်ဆိုတာကို တွေ့လာရတယ်။
.
ဒါကြောင့် မိတ်ဆွေ ကိုယ့်မီးဖိုချောင်ကို ဘယ်လိုသန့်ရှင်းအောင်ထားသလဲဆိုတာ စားသောက်ဆိုင်သွားရင် သူများတွေက မိတ်ဆွေကိုလေ့လာမိသွားပါလိမ့်မယ်။
.
.
မိတ်ဆွေအိမ်က အိမ်သာကိုဘယ်လိုသုံးစွဲတယ်ဆိုတာ အများသုံးသန့်စင်ခန်းတွေသွားရင် သူငယ်ချင်းတွေက မိတ်ဆွေကို ဆန်းစစ်သွားပါလိမ့်မယ်။
.
မိတ်ဆွေ အိပ်ယာထလို့ ဘယ်လို ( ခြင်ထောင်သိမ်း ) စောင်ခေါက်တယ်ဆိုတာကို အမျိုးတွေနဲ့ အတူတူခရီးသွား၊ တည်းခိုခန်း ဟော်တယ်တွေမှာအိပ်တဲ့အခါ မိတ်ဆွေကို အကဲဖြတ်သွားပါလိမ့်မယ်။
.
.
ဒီနည်းနာကိုယူပြီး မိမိကိုယ်မိမိ အကြိမ်ကြိမ်အခါခါ ဆန်းစစ်ခြင်းအားဖြင့် “ တစ်ကိုယ်ရေမှ အများသုံးဆီသို့ ” သန့်ရှင်းစွာနေထိုင်တတ်ခြင်းကိုလေ့ကျင့်နိုင်သလို ဝန်ဆောင်မှုကောင်းတဲ့ ပြည့်သားကောင်းတစ်ယောက်ဖြစ်နိုင်ရုံမက နိုင်ငံရဲ့မလိုလားအပ်တဲ့ ဝန်ထမ်းအင်အားဖြုန်းတီးမှုကို တားဆီးနိုင်မှာဖြစ်တဲ့အကြောင်း ကျိုးနွံစွာ တင်ပြလိုက်ရပါတယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
Boeing 777 လေယာဉ်ပေါ်တွင်ရေး၍  T-Mobile HotSpot Pass Internet ဖြင့် ပို့စ် တင်ပါသည်။
11-07-2016


No comments: